ONE Championship ရဲ့အသည်းကျော် ကျွန်တော်တို့ မြန်မာပရိသတ်များ၏ အချစ်တော်အောင်လအန်ဆန်းသည် နောက်ပွဲစဉ်အတွက် ၎င်း၏လေ့ကျင့်ပြင်ဆင်မှုများကို ‘Sanford MMA’ တွင် လေ့ကျင့်လျက်ရှိပါသည်။
အောင်လသည် သူအားနည်းနေသည့် ‘Ground’ ပိုင်းကို နေ့ရောညပါ စဉ်ဆက်မပြတ် ကြိုးစားပြင်ဆင်နေပြီး ၎င်းအတွက် ကိုယ်ပိုင်နည်းပြတစ်ဦးကိုပါ ငှားရမ်းပြင်ဆင်နေကြောင်း သတင်းများအရ သိရှိရပါသည်။
ဒါ့အပြင် အောင်လသည် UFC က Ground ပိုင်းအားသန်သည့် Gilbert Burns နှင့်ပါ အတူတကွ လေ့ကျင့်လုပ်ဆောင်နေကြောင်းကို ပရိသတ်များကို အသိပေးထားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့သည့် လတွေတုန်းက အောင်လ၏ ခါးသီးပြိုင်ဘက်တစ်ဦးဖြစ်သည့် ရိုင်နီယာ ဒီရိုက်ဒါသည် အောင်လအန်ဆန်းရှိရာ Sanford MMA သို့ လာရောက်၍ အောင်လနှင့်အတူ လေ့ကျင့်ခန်းဆင်းနေကြောင်းကို သူ၏ဆိုရှယ်မီဒီယာမှတဆင့် အသိပေးခဲ့ပါသည်။
ရိုင်နီယာသည် Stand Fight ပိုင်းကို တိုးတက်အောင် လေ့ကျင့်ချင်နေတာ ဖြစ်ပြီး အောင်လသည် Ground ပိုင်းကို လေ့ကျင့်ချင်တာကြောင့် ၎င်းတို့ဖိုက်တာနှစ်ဦး အပြန်အလှန် ကူညီလေ့ကျင့်ရင်း ပညာများ ဖလှယ်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။
အောင်လက အင်တာဗျူးတစ်ခုတွင် -” ကျွန်တော်ရဲ့ အရှုံးတွေကို သင်ခန်းစာယူပြီး အကောင်းဆုံးကြိုးစားနေပါတယ်။ ကျွန်တော် တစ်နေ့ထက်တစ်နေ့ ပိုကောင်းအောင် ကြိုးစားနေပါတယ်။ အကောင်းဆုံး ပုံစံနဲ့ ကျနော် ပြန်လာမှာပါ။” ဟု ပြောကြားထားပါသည်။
ဒါကြောင့် ကျွန်တော်တို့ပရိသတ်တွေ မျှော်လင်နေသည့် မြင်ချင်နေကြသည့် နှစ်ထပ်ကွမ်းချန်ပီယံဖြစ်စဉ်က အောင်လကို မကြာမှီ မြင်တွေ့ခွင့်ရတော့မှာလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ် ခင်ဗျာ။
ပရိသတ်ကြီးတို့ရော အောင်လအန်ဆန်းတစ်ယောက် အရင်ကလို ယုံကြည်ချက်မျိုးနဲ့ ချန်ပီယံတစ်ယောက် ပြန်လည်ဖြစ်လာမည်ဟု ယုံကြည်ချက်ရှိပါသလား ခင်ဗျာ။