Skip to content
Home » အောင်လအန်ဆန်းပွဲစဉ် လာမယ့်အချိန်အတိအကျနဲ့ ကြည့်လို့ရမယ့်နည်းလမ်းများ

အောင်လအန်ဆန်းပွဲစဉ် လာမယ့်အချိန်အတိအကျနဲ့ ကြည့်လို့ရမယ့်နည်းလမ်းများ

  • by

မြန်မာ့ဂုဏ်ဆောင် ကချင်တိုင်းရင်းသားကြီး အောင်လအန်ဆန်းရဲ့ပွဲစဉ် အခုလထဲမှာရှိတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် အချိန်အတိအကျနဲ့ ဘယ်လိုကြည့်ရမယ်ဆိုတာ သိရှိသူရှားပါတယ်။

One Championship ရဲ့ ဇန်နဝါရီလ ၁၃ ရက် U.S PRIMETIME မှာ ပါဝင်လာမယ့် အောင်လအန်ဆန်းရဲ့ပွဲစဉ်ဟာဆိုရင် အရှေ့တိုင်းစံတော်ချိန် ည ၈ နာရီမှာ Main Card ဖြစ်တာမို့ မြန်မာစံတော်ချိန်အနေနဲ့

ဇန်နဝါရီလ ၁၄ ရက် မနက်အစောပိုင်းမှာဖြစ်ပါတယ်။ ဘန်ကောက်မှာ ကျင်းပမယ့်ဒီပွဲရဲ့ အချိန်အတိအကျကတော့ ၁၄ ရက် (စနေနေ့) မနက်အစောပိုင်းဖြစ်တာမို့ အားပေးကြမယ့်သူတွေအနေနဲ့ အလုပ်ပိတ်ရက်လည်း ဖြစ်ပါတယ်။

အောင်လပွဲဟာ အဓိကတွဲဆိုင်း (Main Card) မဟုတ်တာမို့ မနက် ၇ နာရီဝန်းကျင်လောက်မှာယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။ အချိန်အတိအကျသိပြီဆိုတော့ ဘယ်လိုကြည့်ရမလဲ ပြောပြပေးသွားပါမယ်။

ကြည့်လို့ရမယ့် နည်းလမ်းကတော့ နှစ်မျိုးရှိပါတယ်။ အခပေးရုပ်သံလိုင်းများကကြည့်လို့ရသလို အင်တာနက် (ဖေ့စ်ဘုတ် ယူကျု့) တို့ကလည်း ကြည့်လို့ရမှာဖြစ်ပါတယ်။

မူပိုင်ခွင့်များအရ အင်တာနက်ကကြည့်မယ်ဆိုရင်တော့ ရှာဖွေပြီးမှ ကြည့်ရမှလည်းဖြစ်ပါတယ်။ ဒီနေရာမှာ ပရိတ်သတ်ကြီးအနေနဲ့ ပွဲစဉ်လာခါနီးမှ ရှာနေမယ့်အစား သေချာကြည့်ရဖို့ ပြပေးမယ့် Page တစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။

ဒါကတော့ Cele World News ဆိုတဲ့ Facebook Page မှာ အောင်လအန်ဆန်းပွဲစဉ်ကို ပြသပေးသွားမှာဖြစ်ပါတယ်။ ပွဲစဉ်စစခြင်း ကြည့်လို့ရအောင် ပရိတ်သတ်ကြီးအနေနဲ့ Follow လုပ်ထားပေးဖို့တော့လိုတာပေါ့။

ဒါဆိုရင်တော့ အောင်လအန်ဆန်းပွဲ လာမယ့် အချိန်အတိအကျနဲ့ ကြည့်လို့ရမယ့် နည်းလမ်းတွေကို သိရှိသွားလောက်ပါပြီနော်။

Leave a Reply

Your email address will not be published. Required fields are marked *