Skip to content
Home » ဆယ်ကျော်သက် ကစားသမားလေးကို မန်ချက်စတာဆီ လာဖို့ ခခယယ တောင်းဆိုလိုက်တဲ့ ဖာဒီနန်

ဆယ်ကျော်သက် ကစားသမားလေးကို မန်ချက်စတာဆီ လာဖို့ ခခယယ တောင်းဆိုလိုက်တဲ့ ဖာဒီနန်

  • by

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ရီယို ဖာဒီနန် က ပုံစံကောင်းတွေ ဆက်တိုက်် ပြသနေခဲ့တဲ့ ဒေါ့မွန် ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဂမ် ကို အင်္ဂလန်ဆီ ပြန်လာဖို့ ၊ ယူနိုက်တက် အတွက် ကစားပေးဖို့ ခခယယ တောင်းဆိုသွားခဲ့လိုက်ပါတယ် ။

လက်ရှိအချိန်မှာတော့ ကလပ်နဲ့ နိုင်ငံ့ အသင်း အတွက် ပုံစံကောင်းတွေ ဆက်တိုက် ပြသထားနိုင်ခဲ့တဲ့ အသက် 19 နှစ် အရွယ် ဒေါ့မွန် ကြယ်ပွင့်လေးကို ဥရောပ ထိပ်သီး ကလပ်တွေက စိတ်ဝင်စားနေခဲ့ကြပါတယ် ။ အဲ့ဒီထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းလည်း ပါဝင်နေခဲ့ရပါတယ် ။

ဘယ်လင်ဂမ်ဟာ ဘာမင်ဂမ် အသင်းအတွက် ကစားခဲ့စဥ် 2020 ခုနှစ်တုန်းက ကာရင်တန် လေ့ကျင့်ရေး ကွင်းထဲ လာရောက် လေ့ကျင့်ခဲ့ဖူးပြီး အဆိုပါ အချိန်က ယူနိုက်တက််တို့ စိတ်ဝင်စားခဲ့ကြပါတယ် ။ ဒါပေမဲ့ မကြာမီမှာပဲ သူဟာ ဒေါ့မွန် အသင်းဆီ ပေါင် 25 သန်းနဲ့ ရောက်သွားခဲ့ပါတယ် ။

အဲ့ဒီနောက် ဂျာမန်မြေမှာ သူဟာ အလျင်မြန်ဆုံး တိုးတက််လာခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမား တစ်ဦး ဖြစ်လာနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ လက်ရှိ အချိန်မှာ သူ့ကို ခေါ်ယူနိုင်ဖို့ လီဗာပူးနဲ့ ရီးယဲ မက်ဒရစ် အသင်းတွေက သတင်းအကြီးဆုံး ဖြစ်နေခဲ့ကြပြီး ယူနိုက်တက် ကတော့ နောက်မှာပဲ ရှိနေခဲ့ရပါတယ် ။

ဘယ်လိုပဲ ဖြစ်နေပါစေ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ရီယို ဖာဒီနန် ကတော့ အင်္ဂလန်သားကို ယူနိုက်တက်ဆီ လာရောက်လိုနေခဲ့ပြီး 19 နှစ်သားလေးက အသင်းကို အရင်လို ဖြစ်နိုင်ဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့တာပဲ ဖြစ်ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက်ရေ ၊ သူ့ကို ဒီနေရာ ခေါ်လာလိုက်ပါ ။ ဂျုဒ်ရေ မင်းလည်း ဒီနေရာကို ကိုယ့်အိမ်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ပါ ။ မင်း ဒီကို လာရောက်ပြီး အသင်းရဲ့ ယဥ်ကျေးမှုကို ပြောင်းလဲရင်း ဒီအသင်းကို ရှိသင့်ရှိထိုက်တဲ့ နေရာ တစ်ခုဆီ ခေါ်ဆောင်လိုက်စမ်းပါ ” လို့ ဖာဒီနန် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

လာမယ့် ဇွန်လမှ အသက် 20 ပြည့်မြောက်မှာဖြစ်တဲ့ ဂျုဒ် ဘယ်လင်ဂမ်ဟာ 2022 ကာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာတော့ အင်္ဂလန် လက်ရွေးစင် အသင်းကြီး အတွက် ပွဲစဥ်တိုင်း ကစားပေးခွင့်ရရှိခဲ့ပြီး တည်ငြိမ်တဲ့ ပုံစံကောင်းတွေ ဆက်တိုက် ပြသထားနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် အီရန်ကို 6 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဥ်မှာ သူဟာ အဂ်လန် လက်ရွေးစင် အသင်းအတွက် ဂိုးပါ သွင်းယူပေးသွားနိုင်ခဲ့ပါသေးတယ် ။ အခုတော့ ဖာဒီနန် က ဘယ်လင်ဂမ် ဟာ ဆက်လက် တိုးတက်နိုင်သေးဆဲ ဖြစ်ကြောင်း ၊ ပွဲစဥ်ကို လွှမ်းမိုးနိုင်စွမ်း ရှိသူဖြစ်ကြောင််း ချီးမွမ်းသွားခဲ့လိုက်ပါတယ် ။

” ဂျုဒ် ဘယ်လင်ဂမ်ဟာ ထူးကဲလွန်းသူ တစ်ဦးပါပဲ ။ သူဟာ ဒီလို အဆင့်အတန့်မျိုးမှာ ကစားပေးနိုင်စွမ်း ရှိကြောင််း ကမ္ဘာကိုသိစေခဲ့ပါပြီ ။ သူဟာ ဆက်လက် တိုးတက်ဦးမှာပါ ။ သူဟာ အင်္ဂလန် ဂျာစီကို ဝတ်ဆင်နေစဥ် ပွဲစဥ်ကို လွှမ်းမိုးနိုင်ခဲ့ပါတယ် ။ အင်္ဂလန်မှာ ဒီလို လုပ်နိုင်တဲ့ ဆယ်ကျော်သက််ကစားသမားမျိုး ကျွန်တော်တို့တွေ မမြင်ခဲ့ဖူးသေးဘူးလေ ” လို့ ဖာဒီနန် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *