Skip to content
Home » အောင်လအန်ဆန်းလျှောက်လှမ်းခဲ့ရသော ချန်ပီယံခရီးရှည် (သို့) အောင်လအန်ဆန်းအတ္ထုပ္ပတ္တိ

အောင်လအန်ဆန်းလျှောက်လှမ်းခဲ့ရသော ချန်ပီယံခရီးရှည် (သို့) အောင်လအန်ဆန်းအတ္ထုပ္ပတ္တိ

  • by

အောင်လအန်ဆန်းကတော့ ရတနာလုပ်ငန်းရှင် ဦးအင်ဆန်တူးအောင်နှင့် ဒေါ်ရှဒန်နန်ဘူတို့ရဲ့ မွေးချင်း (၅) ယောက်ထဲက တတိယမြောက်သား ဖြစ်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်မှ ကချင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး အတန်းပညာကို ရန်ကုန် International School တွင် တက်ရောက် သင်ကြားခဲ့သူတစ်ဦး ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်မှာ အမေရိကားမှာစတင် အခြေချနေထိုင်ပြီး အမေရိကန်နိုင်ငံ မစ်ရှီဂန်ပြည်နယ် အင်ဒရူးတက္ကသိုလ်မှ စိုက်ပျိုးရေး ဘာသာရပ်နှင့် ဘွဲ့ရရှိခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်၊ တက္ကသိုလ် တက်နေစဉ်အချိန်ကတည်းက အပျော်တမ်း ကလပ်ပွဲများမှာ ယှဉ်ပြိုင် ထိုးသတ်နေခဲ့ပြီး ပညာရှင်လက်ဝှေ့ လောကထဲ ဝင်ရောက် လာသူဖြစ်သည်။

အောင်လသည် No-Gi ခေါ် အားကစား ကို ကောလိပ်ကျောင်းသား ဘဝ ၂၀၀၅ ခုနှစ်မှာ စတင် ကစားရာမှ MMA သို့ ကူးပြောင်း လာသူဖြစ်သည်။ သူသည် ဘီဂျေဂျေခေါ် ဂျပန်သိုင်း ကစားနည်း တမျိုးမှ ဆင်းသက်လာသော ဘရာဇီးလီးယမ်း ဂျူးဂျစ်ဆုနှင့် ထိုင်းနိုင်ငံမှ မွေထိုင်းလက်ဝှေ့ကို လိုက်စားခဲ့သူ ဖြစ်သည်။

၂၀၀၈ ခုနှစ်မှာတော့ မေရီလန်းပြည်နယ် ဘော်လ်တီမိုးလ်မြို့သို့ ပြောင်းရွှေ့လာခဲ့ပြီး ဘရာဇီးလီယမ်း Crazy MMA ကလပ်အသင်းတွင် ဝင်ရောက် လေ့ကျင့်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ပွဲဦးထွက် Emerson Rushing ကို ရှုံးနှိမ့်ခဲ့ပြီးတော့ ၂၀၀၆ ခုနှစ်တွင် ၃ပွဲ ဆက်တိုက် အနိုင်ရခဲ့ပါတယ်။

မေလ ၂၀၀၉ ခုနှစ် အင်ဒီယားနားပြည်နယ်မှာ ယှဉ်ပြိုင်ခဲ့သည့် စစ်ပြန်ဟောင်း ပြိုင်ဖက် ခရစ္စပရိုက်စ် ကို ပထမ အချီမှာပင် Guillotine Choke ဖြင့် အနိုင်ယူခဲ့ရက နာမည်ရလာခဲ့ပါတယ်။ အဲ့ဒီတိုက်ကွက်ကတော့ ပြိုင်ဖက်ရဲ့ ဦးခေါင်းကို ဂျိုင်းအောက်ထဲ ညှပ်ထဲ့ထားကာ အသက်ရှု မရအောင် ညစ်ပြီး ချုပ်တိုက်သော တိုက်ကွက်တစ်ခုဖြစ်ပါတယ်။

၂၀၁၀ ဒီဇင်ဘာ ၃ ရက်နေ့ နယူးဂျာစီပြည်နယ် အက်တလန်တစ်မြို့မှာကျင်းပတဲ့ Ring of Combat XXXIII ပြိုင်ပွဲတွင် Constantinos Philippou ကို ရှုံးနှိမ့်ခဲ့ကာ UFC အတန်းဆီ တက်ရောက်နိုင်ရန် နှောင့်နှေးခဲ့ပါတယ်။

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် နယူးဂျာစီ ပြည်နယ် အတ္တလန်တစ်မြို့မှာ မယ်ဒယ်လ်ဝိတ်တန်း R.O.C -37 ပြိုင်ပွဲမှာတော့ Casey Manrique နှင့်ယှဉ်ပြိုင် ထိုးသတ်ရာ ဒုတိယ အချီတွင် အနိုင်ရခဲ့သည်။

၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့မှာ ကျင်းပတဲ့ ကိုယ်ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင်သည့် MMA (One Championship) ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် အောင်လအန်ဆန်က လက်ရှိ ချန်ပီယံ ဘစ်ဒက်ရှ်ကို လက်ရည်အသာဖြင့် ထိုးသတ်ပြီး အမှတ်ဖြင့် အနိုင်ရကာ ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးနိုင်တဲ့ ပထမဆုံးမြန်မာတစ်ဦး ဖြစ်လာပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *