Skip to content
Home » ဖောက်ပြန်နေတဲ့ ဇနီးသည်ကြောင့် သမီးအရင်းဟုတ်မဟုတ် DNAသွားစစ်ခဲ့ပေမယ့် ဆရာဝန်ကစစ်မပေးခဲ့သည့်အဖြစ်

ဖောက်ပြန်နေတဲ့ ဇနီးသည်ကြောင့် သမီးအရင်းဟုတ်မဟုတ် DNAသွားစစ်ခဲ့ပေမယ့် ဆရာဝန်ကစစ်မပေးခဲ့သည့်အဖြစ်

  • by

ဇနီးဖြစ်သူရဲ့ဖောက်ပြန်မှုကို သိရှိပြီးနောက်ပိုင်း သမီးလေးကိုလည်း မသင်္ကာတာနဲ့ ဇနီးမသိအောင် DNAသွားစစ်ခဲ့ပေမယ့် ဆရာဝန်က သူတို့သားအဖနှစ်ယောက်ရဲ့ပုံစံကိုကြည့်ပြီး စစ်မပေးခဲ့သည့်အဖြစ်

အိမ်ထောင်ရေးဖောက်ပြန်မှုတိုင်းသည် နေရာတိုင်းလိုလို ဖြစ်ပေါ်နေလေ့ရှိရာ အချို့က သားသမီးအရင်းမဟုတ်တာကို မသိပဲ အစားထိုး ကျွေးမွေးစောင့်ရှောက်ပေးခဲ့ရတာတွေရှိတတ်သည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Henanပြည်နယ်က အမျိုးသားတစ်ဦးသည် ဇနီးဖြစ်သူက အခြားတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို ကိုယ်တိုင်လက်ပူးလက်ကြပ်မမြင်ပဲနဲ့ ပတ်ဝန်းကျင် ပြောစကားကိုယုံကာ မွေးထားတဲ့ သမီးလေးကိုပင် မယုံသင်္ကာဖြစ်လာခဲ့သည်။

အမျိုးသားသည် ဇနီးဖြစ်သူမသိအောင် သမီးလေးကိုခေါ်ပြီး DNAစစ်ဖို့ ဆေးရုံသို့ခိုးသွားခဲ့သော်လည်း ဆရာဝန်က သားအဖနှစ်ယောက်ရဲ့ ဝတုတ်တုတ်နဲ့ ဗိုက်ကြီးပူကာ လမ်းလျှောက်ပုံတွေကအစ တူညီနေတာကိုကြည့်ပြီး DNAစစ်စရာမလိုကြောင်းပြောပြီး ပြန်လွှတ်ခဲ့သည်။

ထိုအချိန်မှပဲ အမျိုးသားလည်း သမီးလေးကို သေချာပြန်ကြည့်ကာ မျက်နှာပေါက်ချင်းလည်းဆင်သလို သူ့နဲ့တစ်ထေရာတည်းဖြစ်နေ၍ သံသယဝင်တာတွေ ရှင်းလင်းသွားခဲ့ရသည်။

Credit Rain (For Ialinks)

Leave a Reply

Your email address will not be published. Required fields are marked *