Skip to content
Home » မန်ယူမခေါ်ယူနိုင်ခဲ့တဲ့ ဂတ်ပိုကို လီဗာပူးတို့ ခေါ်ယူသွားနိုင်ခဲ့တဲ့ အဓိကချက်ကိုထောက်ပြ ရှင်းပြခဲ့တဲ့ မာဆယ်ဘရန်

မန်ယူမခေါ်ယူနိုင်ခဲ့တဲ့ ဂတ်ပိုကို လီဗာပူးတို့ ခေါ်ယူသွားနိုင်ခဲ့တဲ့ အဓိကချက်ကိုထောက်ပြ ရှင်းပြခဲ့တဲ့ မာဆယ်ဘရန်

  • by

လီဗာပူးဟာ ယနေ့မနက် အစောပိုင်းက နယ်သာလန် လက်ရွေးစင် ကိုဒီဂတ်ပိုကို PSV ကနေ ကနဦး ပြောင်းရွေ့ကြေး ပေါင် ၃၇ သန်း + add-ons နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ကလပ်နှစ်သင်းကြား သဘောတူစာချုပ် ချုပ်ဆိုပြီး ဖြစ်ကာ အသက် ၂၃ နှစ်အရွယ် ဂတ်ပိုဟာ ယူကေမှာ ဆေးစစ်မှုအောင်မြင်တာနဲ့ ယခုတစ်ပတ် နှောင်းပိုင်းမှာ လီဗာပူးနဲ့ စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

လီဗာပူးဟာ လူးဝစ်ဒီယက် နဲ့ ဒီယိုဂိုဂျိူတာ တို့ရဲ့ ကာလရှည်ဒဏ်ရာတွေကြောင့် တိုက်စစ်ပိုင်းမှာ ရွေးချယ်မှု နည်းပါးနေကာ ဒီအတွက်ကြောင့်ပဲ အပြောင်းအရွေ့ ‌ဈေးကွက်ထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဂတ်ပိုကို မန်ချက်စတာယူနိုက်တက် ဆောက်သမ်တန် လိဒ် တို့က စိတ်ဝင်စားနေကြပေမယ့်လည်း ဘရန်းက ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နယ်သာလန် အတွက် ၅ ပွဲကစား ၃ ဂိုး သွင်းယူပေးခဲ့တဲ့ ဂတ်ပိုအတွက်လည်း လီဗာပူးဟာ ကောင်းမွန်တဲ့ နေရာ ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဘရန်းက “လီဗာပူးဟာ ကစားသမား ခေါ်ယူမှုအပိုင်းနဲ့ ပက်သက်ပြီး တအားကို အာရုံစိုက် လုပ်ဆောင်လေ့ ရှိတဲ့ အသင်းပါ။ တစ်ခါတစ်ရံမှာ သူတို့ဟာ လာမည့်ရာသီ အတွက် ခေါ်ယူသွားဖို့ ကစားသမားတွေကို နိုဝင်ဘာလ ကတည်းက သတ်မှတ်ထားပြီး ဖြစ်နေပါတယ်။ ဂတ်ပိုဟာ သူတို့အတွက် ကောင်းမွန်တဲ့ partner ဖြစ်လာနိုင်သလား? အမှန်ပါပဲ။

ဆက်လက်ပြီး ဘရန်းက “လိဒ်ယူနိုက်တက်ဟာ ဂတ်ပို အတွက် ကျနော်တို့ကို ယူရိုသန်း ၃၀ + add-ons ယူရို ၁၁ သန်း ဆိုတဲ့ ပမာဏနဲ့ ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။ add-ons ထဲက ယူရို ၆ သန်းက လိဒ်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှ ဖြစ်ပါတယ်။ လူတွေက ဒီလောက်ကောင်းတဲ့ ကမ်းလှမ်းမှုကို PSV ဘာ့ကြောင့် လက်မခံတာလဲဆိုပြီး အများကြီး ပြောဆို ရေးသားခဲ့ကြပေမယ့်လည်း PSV management က ဘယ်သူကမှ ဒါကို လက်ခံသွားလိုစိတ် မရှိခဲ့ပါဘူး။

အကယ်၍ ယူနိုက်တက်သာ ဂတ်ပိုအတွက် ကျနော်တို့ လိုချင်တဲ့ ပမာဏကို ကမ်းလှမ်းသွားခဲ့မယ်ဆိုရင် ကျနော်တို့ သူတို့ကို ရောင်းချသွားမှာ ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ ပြောင်းရွေ့ကြေးကို ရရင် ကျနော်တို့ သူ့ကို တားဆီးသွားနိုင်မှာ မဟုတ်ပါဘူး။ ဘောနက်စ် အပါအဝင် ကျနော်တို့ဟာ ဂတ်ပို အတွက် ‌အနည်းဆုံး ယူရိုသန်း ၅၀ အလိုရှိနေခဲ့တာပါ။ ကိုဒီဂတ်ပိုရဲ့ management နဲ့ ဒီသဘောတူညီမှုကို ရရှိထားပြီး ဖြစ်ပါတယ်။ ကျနော်တို့ ဒါကို လျစ်လျူရှုလို့ မရပါဘူး။

ဒါဟာ စာချုပ်ဖျက်သိမ်းကြေး လိုမျိုး မဟုတ်ပေမယ့် မှန်ကန်တဲ့ကလပ်က မှန်ကန်တဲ့ ငွေကြေးပမာဏနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ဒါဟာ option ပါပဲ။ ကျနော်တို့ စိတိထဲမှာကော သူ့ရဲ့ နေရာကို ပ့န်လည်အစားထိုးရန် ကစားသမားကို စဉ်းစားထားပြီးပြီလား? အမှန်ပါပဲ။ ကျနော်တို့ ကြည့်ထားတဲ့ ကစားသမား စာရင်းက အမြဲ ရှိနေပြီးသားပါ။” လို့ဆိုလိုက်ပါတယ်။

ဂတ်ပိုကို လီဗာပူးထံ ရောင်းချခဲ့ပြီးနောက် ဘရန်းက “PSV management ဟာ အပြောင်းအရွေ့ကို Boxing day မှာ အပြီးသတ်ခဲ့ပြီး ဂတ်ပိုကို အင်္ဂလန်ကို သွားရောက်ဖို့အတွက် ခွင့်ပြုချက် ပေးလိုက်ပါပြီ။ နှစ်သင်းစလုံးဟာ ပြောင်းရွေ့ကြေး နဲ့ပက်သက်ပြီး တစ်စုံတစ်ရာ ကြေငြာချက်ကို မထုတ်ပြန်ဖို့ သဘောတူညီခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ PSV အတွက် ကလပ်စံချိန်တင် ပြောင်းရွေ့ကြေး ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

နောက်ဆုံး ထွက်ပေါ်နေတဲ့ သတင်းများအရ လီဗာပူးဟာ ဂတ်ပို အတွက် PSV ကို ကနဦးမှာ ပေါင် ၃၇ သန်း ပေးချေရမှာ ဖြစ်ပေမယ့် overall package ကတော့ ပေါင် ၄၄ သန်းထက် မပိုဘူးလို့ သိရပါတယ်။

🇳🇱 📝 လီဗာပူး ကစားသမားသစ် ဂတ်ပိုရဲ့ ဒီိရာသီ စွမ်းဆောင်ရည် 👇🏽

✅Eredivisie – 9 Goals & 12 Assists
✅Europa League – 3 Goals 2 Assists
✅World Cup – 3 Goals

crd

Leave a Reply

Your email address will not be published. Required fields are marked *