Skip to content
Home » ONE Championship ကို ရောက်လာနိုင်ချေရှိတဲ့ ကယန်းတိုင်းရင်းသူလေး ဘရော်နီကာ

ONE Championship ကို ရောက်လာနိုင်ချေရှိတဲ့ ကယန်းတိုင်းရင်းသူလေး ဘရော်နီကာ

  • by

2022 ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဖိုက်တာဆုကို ထိုက်ထိုက်တန်တန်ဖြင့် ဆွတ်ခူးရရှိသွားတဲ့ ကယန်းတိုင်းရင်းသူလေး ဗရော်နီကာသည် လာမည့်လအနည်းငယ်အတွင်းမှာဘဲ အောင်လအန်ဆန်းနှင့် တီရယ်ထန်တို့လို ONE Championship အဖွဲ့အစည်းထံ ရောက်ရှိလာတော့မည်ဟု သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကျွန်တော်တို့ရဲ့ကယန်းတိုင်းရင်းသူလေး ဗရော်နီကာသည် 2022 ခုနှစ်အတွင်းမှာ မွေ့ထိုင်းလောကသို့ စတင်ဝင်ရောက်လာခဲ့ပြီး သူ့အနေဖြင့် 2022 ခုနှစ်အတွင်းမှာ မွေ့ထိုင်းပွဲပေါင်း 10 ပွဲ ထိုးသတ်ထားခဲ့ပါတယ်။

အဆိုပါ 10 ပွဲမှာ ဗရော်နီကာဟာ 9 ပွဲထိ အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး 1 ပွဲသာ ရှုံးနိမ့်ထားကာ 9 ပွဲဆက်တိုက် နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

ဗရော်နီဟာ သူအနိုင်ရရှိထားတဲ့ 9 ပွဲမှာ 5 ပွဲကို အလဲထိုး ၊ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရယူထားတာဖြစ်ပြီး လက်သီးပါဝါကောင်းကောင်းဖြင့် ပရိသတ်တွေကို ဖျော်ဖြေမှုရသ အများကြီးပေးစွမ်းထားတာ ဖြစ်ပါတယ်။

သူဟာမကြာသေးခင်ကမှ Thai Fight အဖွဲ့အစည်းမှ ကြီးမှူးကျင်းပတဲ့ Bantamweight တန်းမှာ ချန်ပီယံဖြစ်လာခဲ့တာဖြစ်ပြီး ပရိသတ်တွေ အတော်များများ သတိထားမိလာသည်အထိ စွမ်းဆောင်ပြထားခဲ့ပါတယ်။

ယခုလို ပရိသတ်အားပေးမှုတွေ အခိုင်အမာရရှိလာခဲ့သလို စွမ်းဆောင်ရည်မြင့်ဖိုက်တာတစ်ဦးမျိုးဖြစ်တာကြောင့် ONE Championship ဟာ ၎င်းတို့အဖွဲ့အစည်းထံ ခေါ်ယူဖို့ စတင်ကြိုးပမ်းမှုတွေ ပြုလုပ်လာခဲ့ပြီး

ဗရော်နီကာရဲ့လေ့ကျင့်ရေးကလပ်နှင့် ONE Championship က တာဝန်ရှိသူအချို့ တွေ့ဆုံမှုတွေရှိလာခဲ့ပြီး မကြာခင်မှာ ထူးခြားမှုတွေရှိလာနိုင်ကြောင်း MMA သတင်းတွေက အခိုင်အမာ ဖော်ပြထားခဲ့ပါသည်။

ဒါကြောင့် ကျွန်တော်တို့လို မြန်မာပရိသတ်တွေအနေဖြင့် ONE Championship အဖွဲ့အစည်းလက်အောက်မှာ နောက်ထပ်မြန်မာ့ကိုယ်စားပြု ၊ မြန်မာ့ဂုဏ်ဆောင်ဖိုက်တာတစ်ဦးကို ဆက်လက်မြင်တွေ့ခွင့်ရရှိတော့မှာဘဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *