Skip to content
Home » မင်းကိုအေးဆေးအနိုင်ယူနိုင်တယ်ဆိုပြီး အဒန်ဆန်ညာကို ဒုတိယအကြိမ်စိန်ခေါ်လိုက်တဲ့ ရိုင်နီယာ

မင်းကိုအေးဆေးအနိုင်ယူနိုင်တယ်ဆိုပြီး အဒန်ဆန်ညာကို ဒုတိယအကြိမ်စိန်ခေါ်လိုက်တဲ့ ရိုင်နီယာ

  • by

စင်ကာပူအခြေစိုက် MMA အဖွဲ့အစည်းတစ်ခုဖြစ်သည့် ONE CHAMPIONSHIP ရဲ့လက်အောက်ခံဖိုက်တာတစ်ဦးဖြစ်သည့် နယ်သာလန်ဖိုက်တာ ရိုင်နီယာ ဒီရိုက်ဒါသည် လက်ရှိအချိန်တွင် မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတို့ရဲ့ နှစ်ထပ်ကွမ်းချန်ပီယံဖိုက်တာတစ်ဦးဘဲ ဖြစ်ပါတယ်။

ယခုလို နှစ်ထပ်ကွမ်းချန်ပီယံဖြစ်လာတာနှင့်အညီ ရိုင်နီယာသည် စွမ်းဆောင်ရည်ပိုင်းကောင်းမွန်နေသည့် ဖိုက်တာတစ်ဦးဖြစ်ပြီး ONE Championship လက်အောက်က ဝိတ်တန်းပေါင်းစုံရဲ့ဖိုက်တာများကိုပါ စိန်ခေါ်လေ့ရှိသည့် ဖိုက်တာတစ်ဦးဖြစ်ပါတယ်။

ရိုင်နီယာသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလက ကီမီရန်အဘာဆော့ဗ်နှင့် ချန်ပီယံခါးပတ်ကာကွယ်ပွဲမထိုးသတ်မှီ UFC ကအကျော်အမော်ဖိုက်တာတစ်ဦးဖြစ်တဲ့ အစ္စရေးအဒန်ဆန်ညာကို စကားစစ်ထိုးကာ စိန်ခေါ်မှုတစ်ရပ်ပြုလုပ်သွားခဲ့ပါသည်။

ရိုင်နီယာသည် အဆိုပါအချိန်တုန်းက ‘ ကမ္ဘာပေါ်က ဘယ်ဖိုက်တာမဆို အနိုင်ယူနိုင်ကြောင်းနှင့် သူက ရှုံးပွဲမရှိသေးတဲ့ဖိုက်တာပါ’ ဆိုပြီး လေကျယ်ကာ ဖိုက်တာပေါင်းစုံကို စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။ အင်တာဗျူးပြုလုပ်ရာတွင် ရိုင်နီယာက အဒန်ဆန်ညာကို ဒုတိယအကြိမ်စကားစစ်ထိုးခဲ့တာဖြစ်ပါတယ်။

ရိုင်နီယာက – ” ကျွန်တော်ရဲ့ Stand Fight ပိုင်းက အဆင့်တစ်ခုအထိ တိုးတက်လာခဲ့ပါပြီ။ ဒါကြောင့် ကျွန်တော်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးဖိုက်တာတွေနဲ့ ထိုးသတ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ လက်ရှိကျွန်တော်ထိုးသတ်ချင်နေတဲ့ ဖိုက်တာတစ်ဦးရှိပါတယ်။”

” သူကတော့ အစ္စရေးအဒန်ဆန်ညာဘဲ ဖြစ်ပါတယ်။ သူနဲ့သာ ပွဲဖြစ်လာခဲ့ရင် ကျွန်တော့်အတွက် လွယ်ကူတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ သူ့ရဲ့ကစားပုံတွေကြည့်ရတာနဲ့တင် ကျွန်တော်သူ့ကို အသာလေးအနိုင်ယူလို့ရပါတယ်။ ကျွန်တော်သူ့ကို ချုပ်ကွက်နဲ့အလွယ်တကူဘဲ ပွဲသိမ်းအနိုင်ယူလို့ရပါတယ်။” ဟု

အဒန်ဆန်ညာနှင့်ပတ်သတ်၍ သူ့ရဲ့အမြင်ကို ပြောကြားသွားခဲ့ပြီး စကားစစ်ထိုးမှုတစ်ခု ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *