Skip to content
Home » အောင်လရဲ့ပြိုင်ဖက် Gilberto Galavao မှာ အောင်လကို နိုင်နိုင်တဲ့စွမ်းရည်မျိုးရှိလား ??

အောင်လရဲ့ပြိုင်ဖက် Gilberto Galavao မှာ အောင်လကို နိုင်နိုင်တဲ့စွမ်းရည်မျိုးရှိလား ??

  • by

ကချင်သားကြီးအောင်လအန်ဆန်ရဲ့ ဇန်နဝါရီလ (၁၄) ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုးသတ်မယ့် ပွဲစဉ်မှာ ပြိုင်ဖက်အပြောင်းအလဲဖြစ်သွားတာကိုအားလုံးဘဲ သိရှိပြီးလောက်ပြီထင်ပါတယ်။

ပွဲထိုးသတ်ခါနီး နှစ်ပတ်အလိုလောက်မှ ပြိုင်ဖက်အပြောင်းအလဲဖြစ်သွားတာကြောင့် ဖိုက်တာနှစ်ဦးစလုံးအတွက် အနည်းငယ်အခက်တွေ့နိုင်ပါတယ်။

အောင်လအန်ဆန်းရဲ့ ပြိုင်ဖက်သစ်ကတော့ ဘရာဖီးဖိုက်တာတစ်ဦးဖြစ်ပြီး သူ့ရဲ့ နာမည်ကတော့ Gilberto Galvao ဘဲဖြစ်ပါတယ်။ Gilberto Galvao သည် နှစ်ထပ်ကွမ်းချန်ပီယံဟောင်း ရိုင်နီယာ ဒီရိုက်ဒါနဲ့ ရင်ဆိုင်ထိုးသတ်ခဲ့ပြီး မြေပြင်ဒူးတိုက်ချက်ကြောင့် ရှုံးနိမ့်ထားခဲ့ဖူးပါတယ်။

Gilberto ဟာ အသက်အားဖြင့် (၄၀) နှစ်ရှိပြီဖြစ်ပြီး MMA record ကတော့ ပွဲ (၃၀) နိုင် (၇) ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာမို့လို့ ရလဒ်ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။သူ့ရဲ့အရပ်အ‌မောင်းကတော့ (၅) ပေ (၁၀) လက်မဘဲရှိပြီး အောင်လထက်တော့ အရပ် (၃) လက်မပုနေတဲ့အနေအထားမှာရှိပါတယ်။

သူ့ရဲ့ အားသာချက်ကတော့ Striking မှာ သိသိသာသာအားသာတဲ့ ညာ overhand လက်သီးတွေပါ။ သူထိုးသတ်တဲ့ ဝိတ်တန်းမှာ များသောအားဖြင့်အရပ်ပုတဲ့ ကစားသမားတွေဖြစ်တာကြောင့် Overhand တစ်ပေါက်တော့ရှယ်ကျင့်ထားပါတယ်။

အောင်လအနေနဲ့ ခွာထိုးခွာကန် ၊ ဝင်ရင် ဒူးတိုက် Takedown ကာကွယ်တာတွေသာ သေချာလုပ်နိုင်ရင် နိုင်ပွဲဖော်ဆောင်နိုင်မှာပါ။ အောင်လအတွက် ဒီပွဲဟာ အတော်လေးအရေးကြီးတဲ့ပွဲဖြစ်ပြီး ဒီပွဲကို အနိုင်ရရှိမည်ဆိုပါက နောက်ပွဲဟာ သူ့အတွက် ချန်ပီယံခါးပတ်လုခွင့် အဆုံးအဖြတ်ပွဲမျိုး ဖြစ်သွားပါလိမ့်မယ်။

ပရိသတ်ကြီးတို့ရော အောင်လအန်ဆန်းတစ်ယောက် ‌သူလိုအပ်နေသည့် နိုင်ပွဲတွေကို ထပ်မံရှာဖွေသွားနိုင်ပြီး သူလိုချင်နေတဲ့ ချန်ပီယံဂုဏ်ပုဒ်တွေကို ပြန်လည်ပိုင်ဆိုင်သွားနိုင်မလားဆိုတာ မိမိတို့ထင်မြင်ယူဆချက်များကို ကွန်းမန့်ဘောက်စ်တွင် လွတ်လပ်စွာဖြင်ြ ဝင်ရောက်ဆွေးနွေးသုံးသပ်ပေးကြပါဦးခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *