ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံသား ကချင်တိုင်းရင်းသားကြီး ကိုအောင်လဟာဆိုရင် လာမယ့် စနေနေ့မှာ ယှဉ်ပြိုင်ဖို့အတွက် ထိုင်းနိုင်ငံဘန်ကောက်ကို ရောက်ရှိနေပါပြီ။
ဒီပွဲစဉ်ဟာ အောင်လအတွက်အလွန်အရေးပါသလို ပွဲနီးကပ်မှ ပြိုင်ဖက်အပြောင်းအလဲလည်း ပြုလုပ်ထားတာမို့ ပရိတ်သတ်တွေကလည်းပိုပြီးစိတ်ဝင်စားနေကြပါတယ်။ ဘယ်လိုပဲ ပြောင်းလဲပါစေ အနိုင်ရလိမ့်မယ်လို့လည်း ယုံကြည်နေကြပါတယ်။
ကျွန်တော်တို့ရဲ့ဖိုက်တာကြီးဟာ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ခါးသီးလှတဲ့အရှုံးတွေကိုရင်ဆိုင်ရင်း ချန်ပီယံခါးပတ်ကိုစွန့်လွှတ်လိုက်ရတာကိုလည်း အားလုံးအသိဖြစ်မှာပါ။ သူဟာ ချန်ပီယံခါးပတ်ရမှ မြန်မာနိုင်ငံကိုပြန်လာမယ် လို့လည်းပြောထားပါသေးတယ်။
ဒီတစ်ခါယှဉ်ပြိုင်မယ့် ဘရာဇီးဖိုက်တာ Gilberto Galvao နဲ့ပွဲမှာ ကိုအောင်လကြီး အနိုင်ရခဲ့ရင် ချန်ပီယံတိုက်ရိုက်စိန်ခေါ်ခွင့် (သို့) ခါးပတ်လုပွဲမျိုးနဲ့အတူ အခွင့်အရေးပေါင်းများစွာက စောင့်ကြိုနေတာ အားလုံးအသိပါပဲ။
ဒီတော့ ကျွန်တော်တို့ရဲ့ဖိုက်တာကြီးဟာ သူ့ရဲ့မွေးရပ်မြေနဲ့ အိမ်နီးချင်းနိုင်ငံမှာပဲ ဒီအခွင့်အရေးကြီးကို အပိုင်ဆုပ်ကိုင် အနိုင်ယူလိုက်မယ်ဆိုရင်တော့ အမိမြေကိုလွမ်းတဲ့စိတ်ကြောင့် မြန်မာနိုင်ငံကိုမလာနိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ပါဘူး။
အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အခုတစ်ခေါက်မှာ မြန်မာနိုင်ငံကိုပြန်မလာခဲ့ဘူးဆိုရင်တောင် မကြာတော့တဲ့အချိန်မှာတော့ ကျွန်တော်တို့ဖိုက်တာကြီး မြန်မာနိုင်ငံကို ပြန်လာတော့မယ်ဆိုတာ ရဲရဲကြီးပြောရဲပါတယ်။
အခုလိုအချိန်ပေးပြီး ဖတ်ရှုခဲ့ကြတဲ့ Cele World News ပရိတ်သတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ စနေနေ့မှာယှဉ်ပြိုင်မယ့် အောင်လအန်ဆန်းရဲ့ပြိုင်ပွဲကြီးကို အတူတူကြည့်ရအောင် Page လေးကို Follow လုပ်ထားပေးဖို့လည်းတောင်းဆိုပါတယ် ခင်ဗျာ။