Skip to content
Home » ပြိုင်ဘက်ကို အနိုင်ယူနိုင်မယ့် နည်းလမ်း (၄) မျိုးကိုချပြလာတဲ့ အောင်လအန်ဆန်း

ပြိုင်ဘက်ကို အနိုင်ယူနိုင်မယ့် နည်းလမ်း (၄) မျိုးကိုချပြလာတဲ့ အောင်လအန်ဆန်း

  • by

ကချင်တိုင်းရင်းသား ဖိုက်တာကြီး အောင်လအန်ဆန်းဟာဆိုရင် မြန်မာ့ကိုယ်စားပြု ကမ္ဘာ့ချန်ပီယံတစ်ဦး ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့နှစ်ပိုင်းတွေမှာ ခါးသီးလှတဲ့ရှုံးပွဲတွေကြောင့် ခါးပတ်များကိုစွန့်လွှတ်ထားရပေမယ့် အခုအခါမှာတော့ ချန်ပီယံလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။

လာမယ့် စနေနေ့ ထိုင်းနိုင်ငံဘန်ကောက်မှာ ယှဉ်ပြိုင်မယ့်ပွဲ အနိုင်ရခဲ့မယ်ဆိုရင် သူ့ရဲ့ ချန်ပီယံလမ်းကြောင်းဟာ ဖြောင့်ဖြူးပြီး မဝေးလှတော့တာကို အားလုံးအသိလည်းဖြစ်ပါတယ်။

အောင်လဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့အတူ နောက်ပွဲအတွက်လေ့ကျင့်ပြင်ဆင်နေပါတယ်။ ဒီ‌နေ့မှာလည်း သူဟာ ပြိုင်ဘက်ကို ဘယ်လိုအနိုင်ယူရမလဲဆိုတဲ့ နည်းလမ်း‌ (၄) မျိုးကို သူ့ရဲ့အနိုင်ရပွဲစဉ်ဟောင်းများနဲ့အတူ ချပြလာခဲ့ပါတယ်။

1. Knee to the head

ဒါကတော့ တစ်ဖက်ပြိုက်ဘက်က ကိုယ့်ကိုချုပ်ဖို့ခြေထောက်ကို ဆွဲလှဲတဲ့အခါမှာ ပြိုင်ဘက်ရဲ့ ခေါင်းကို ဒူးနဲ့တိုက်လိုက်တဲ့အကွကပါ။ ဒီအကွက်ကို တစ်ဖက်ဖိုက်တာဟာ Ground fight အားသန်သူဆိုရင် ထုတ်သုံးဖို့အသင့်တော်ဆုံးဖြစ်ပါတယ်။

ဒါဟာ မြန်မာ့ရိုးရာလက်ဝှေ့ပညာနဲ့ အနည်းငယ်ဆင်တူကောင်း ဆင်တူနိုင်သလို ပရိတ်သတ်ကြီးကိုယ်တိုင်ကလည်း မြင်တွေ့ချင်နေတဲ့ အနိုင်ယူနိုင်မယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။

2. Spinning elbow

ဒီအကွက်ကတော့ မြန်မာလိုခေါ်ရရင် ပတ်တံတောင် လို့ခေါ်ရမယ်ထင်ပါတယ်။ တဖက်က ဝင်လာတဲ့ပြိုင်ဖက်ရဲ့ တည်ချက်ထဲကနေ ယိမ်းထွက်ပြီး ခန္ဓာကိုယ်တစ်ပတ်လှည့်ကာ တံတောင်ဆစ်နဲ့ ပြိုင်ဘက်ရဲ့မျက်နှာကို ‌တွေ့ပေးလိုက်တာပါ။

ဒီနေရာမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်လှည့်တဲ့အရှိန်ရော ပြိုင်ဖက်ကဝင်လာတဲ့အရှိန်ရောဟာ သက်ရောက်စေတဲ့ ‘အား’ ဖြစ်ပြီး တစ်ချက်ထဲတဲ့တင် မှောက်သွားစေပါတယ်။

3. Uppercut

တတိယမြောက်အကွက်ကတော့ အပေါ်ပိုင်းတည်ထိုးတဲ့အတွက်မျိူပါ။ ဒီအကွက်ကတော့ ရိုးရှင်းလှတယ်လို့ ထင်ရသလို ကြည့်ရတဲ့နေရာမှာလည်း ဆန်းကျယ်တယ်လို့ ထင်စရာလုံးဝမရှိပါဘူး။ ဒါပေမယ့်လည်း လက်တွေ့အသုံးပြုလိုက်တဲ့အခါမှာတော့ တော်တော်လေးကိုအလုပ်ဖြစ်ပါတယ်။

တစ်ဖက်ပြိုင်ဖက် ဦးခေါင်းငိုက်စိုက်နဲ့ ဝင်လာတဲ့အခါမျိုးမှာ ပင့်လက်သီးတစ်ချက်ကို အားပါပါနဲ့ပေးလိုက်ခြင်းအားဖြင့် ‌မှောက်သွားမယ့်အကွက်ပါ။

4. Head kick

အလဲထိုးအနိုင်ယူဖို့စတ္ထုထမြောက် နည်းလမ်းကတော့ ဦးခေါင်းကိုအားပြင်းပြင်းနဲ့ကန်တဲ့အကွက် ဖြစ်ပါတယ်။ ဒီအကွက်ကတော့ တိကျသေချာမှုရှိမှ အလုပ်ဖြစ်မှာဖြစ်ပြီး လွဲချော်သွားမယ်ဆိုရင်တော့ ပြိုင်ဘက်ကို အခွင့်ရေးပေးသလိုမျိုးဖြစ်သွားနိုင်ပါတယ်။

ကဲပရိတ်သတ်ကြီးရေ စနေနေ့မှာ ဒီနည်းလမ်းလေးမျိုးထဲက ဘယ်နည်းလမ်းတွေကိုအသုံးပြုပြီး ကျွန်တော်တို့ ဖိုက်တာကြီး အနိုင်ယူသွားမလဲဆိုတာ စောင့်ကြည့်ကြရအောင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *