ကျွန်တော်တို့ရဲ့ ကချင်သားကြီး အောင်လအန်ဆန်းအနေဖြင့် မကြာခင်ရက်ပိုင်းအတွင်းမှာ ဘရာဇီးဖိုက်တာတစ်ဦးဖြစ်တဲ့ Gilberto Galvao နဲ့ ရင်ဆိုင်ထိုးသတ်သွားရတော့မှာ ဖြစ်ပါတယ်။
အောင်လအန်ဆန်းဟာ မူလက တရုတ်ဖိုက်တာ ဖန်ဝေါင်းနှင့်ထိုးသတ်ရမှာဖြစ်သော်လည်း ဖန်ဝေါင်းရဲ့ကိုဗစ်ပြဿနာကြောင့် နှုတ်ထွက်သွားမှုနှင့်အတူ ONE Championship က ၎င်းကို ဘရာဇီးဖိုက်တာတစ်ဦးဖြစ်တဲ့ Gilberto Galvao နဲ့ ပွဲစီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။
အောင်လအန်ဆန်းဟာ သူ့ရဲ့နောက်ပွဲအတွက် အသေအချာလေးပြင်ဆင်နေပြီး ပြိုင်ဘက်ကို အနိုင်ယူပြဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပရိသတ်တွေကို စကားဆိုခဲ့တာဖြစ်သလို ဒီပွဲကို အနိုင်ယူဖို့ စိတ်ဆုံးဖြတ်ချက်ချမှတ်ထားပုံ ပေါ်ပါတယ်။
ဒီပွဲဟာ အောင်လအန်ဆန်းအတွက် အလွန်အရေးပါသည့်ပွဲတစ်ပွဲဖြစ်ပါတယ်။အောင်လအနေဖြင့် မစ်ဒယ်ဝိတ်တန်းမှာ ချန်ပီယံခါးပတ်ကို ပြန်လည်းစိန်ခေါ်ထိုးသတ်ခွင့်ရရှိလိုပါက ဒီပွဲကို ကျိန်းသေပေါက်အနိုင်ရလဒ်ရရှိအောင် ကစားသွားရမည်ဖြစ်ပြီး သူ့ရဲ့ပြိုင်ဘက် Gilberto Galvao ဟာ သူ့ထက်အသက်အရွယ် အနည်းငယ်ကြီးရင့်တာကြောင့် အောင်လအန်ဆန်းအတွက် အများကြီး စိုးရိမ်စရာမလိုပါဘူး။
ဒီပွဲကို ယခုလာမည့် ဇန်နဝါရီလ 14 ရက်နေ့ မနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်တာကြောင့် ပရိသတ်တွေအားလုံးလည်း လက်လွှတ်မခံသင့်ဘဲ စောင့်ကြည့်သင့်ပါတယ်။ အောင်လအန်ဆန်းအနေဖြင့် 2022 ခုနှစ်အတွင်းမှာ နှစ်ပွဲထိုးသတ်ထားခဲ့ပြီး တစ်ပွဲနိုင် တစ်ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားခဲ့တာကြောင့် ထူးခြားတဲ့နှစ်တစ်နှစ်တော့ မဟုတ်ခဲ့ပါဘူး။
ယခုထိုးသတ်မည့် ပွဲဟာ 2023 ခုနှစ်မှာ ပထမဆုံးအကြိမ်ထိုးသတ်မည့် ပွဲတစ်ပွဲဖြစ်တာနှင့်အညီ သူ့အတွက် အရေးပါသည့်ပွဲမျိုးလည်းဖြစ်တာကြောင့် အောင်လအန်ဆန်းအနေဖြင့် မနှစ်ကလို အမှားခံမှာမဟုတ်တော့ပါဘူး။
ဒီပွဲနိုင်မယ်ဆိုရင် နောက်ပွဲဟာ သူ့အတွက် ချန်ပီယံခါးပတ်လုခွင့်အဆုံးအဖြတ်ပွဲမျိုး သေချာပေါက်ဖြစ်လာနိုင်တာကြောင့် အောင်လအနေဖြင့် ဘယ်လိုမျိုးပုံစံဖြင့် Gilberto Galvao ကို ကျော်ဖြတ်သွားမလဲဆိုတာ ပရိသတ်တွေနှင့်အတူ အားလုံးအတူတကွ စောင့်ကြည့်လိုက်ရအောင်။