ဂျိုးလေးဟာ သီချင်းမထွက်ရင်လဲမထွက်ဘူး ထွက်ပြီဆိုလဲ ရင်ထဲရောက်အောင် အမြဲဆိုနိုင်တဲ့ ပါရမီရှင်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။
အောင်မြင်မှု နောက်ကို မလိုက်ပဲ ဝါသနာပါရာ သီချင်းတွေကိုလုပ်နေရရင်ကို ပျော်နေတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။
“နောက်ဆုံးသောအချိန် ခေတ္တခဏငါ့ဆီ နင်ပြန်လာပေးပါ….”ဆိုတဲ့ စာသားလေးတွေနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကိုရိုက်ခတ်ခဲ့တဲ့ “ထွက်သက်မတိုင်မှီ” သီချင်းရဲ့အဆိုရှင် ဂျိုးလေးကတော့ December 25 ရက်နေမှာပဲ ချစ်ရသူနဲ့ စေ့စပ်လိုက်ပြီပဲ ဖြစ်ပါတယ်…။
“တစ်နေ့နေ့ တို့တွေလက်ထပ်ကြမယ်နော်” ဆိုပြီး တစ်နိုင်ငံလုံးကို အဆွေးခိုင်းပြီးကာမှ သူကတော့ တကယ်လက်ထပ်ပါတော့မယ်တဲ့။
ပရိတ်သတ်ကြီးထဲမှာရော ဂျိုးလေးရဲ့သီချင်းနဲ့ ဆွေးခဲ့ဖူးသူတွေရှိကြလား? လက်ရောထပ်ကြတော့မှာလား ပြောခဲ့ပါဦးနော်။