ကမ္ဘာပေါ်ရှိ မိဘတိုင်းတွက် သားသမီးဆိုသည်မှာ ရတနာတစ်ပါးဖြစ်သည်ဟု ဆိုကြသည်။
ယခုအခါတွင်ယူဂန်ဒါနိုင်ငံမှ မာရီယမ်နာ ဘတန်ဇီအမည်ရှိသော အမျိုးသမီးသည် အသက်၄၀အရွယ်တွင် ကလေးအယောက် ၄၄ ဦး မွေးပြီးနေပြီဖြစ်ကာ ကမ္ဘာပေါ်ရှိ ကလေးအများဆုံး မွေးနိုင်သူအဖြစ် သတ်မှတ်ခြင်းခံထားရသည်။
ဆရာဝန်များ၏ ပြောကြားချက်များအရ မာရီယမ်နာတွင် မျိုးရိုးဗီဇ အခြေအနေကြောင့် ထူးခြားသော မျိုးဥအိမ်ရှိနေခဲ့သည်။
ကလေး ၄၄ယောက်မွေးပြီးသည့်နောက် သူမအား ဆရာဝန်များမှ ကလေးနောက်ထပ် မမွေးရန် တားမြစ်ခဲ့ကြသည်။
သူမအသက်အရွယ်ဖြင့် ကလေး၄၄ယောက်မွေးခဲ့သည်မှာ မယုံနိုင်လောက်အောင် ဖြစ်ရသော်လည်း မာရီယမ်နာသည် ၄ မွှာပူးထိ မွေးခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
မာရီယမ်နာတွင် လက်ရှိ အသက်ရှင်ကျန်နေသော ကလေးများမှာ ၃၈ယောက်ရှိပြီး ခင်ပွန်းဖြစ်သူမှာ မရှိတော့၍တစ်ယောက်တည်း သားသမီးအကုန်လုံး၏တာဝန်ကို ယူနေရကာ အလုပ်မျိုးစုံလုပ်ကိုင်ပြီး ရှာဖွေ ကျွေးမွေးနေရသည်။
မာရီယမ်နာအတွက် ကလေးများသည် ဘုရားသခင်ပေးသော အရာတစ်ခုအဖြစ် ခံယူထားကာ အခက်အခဲ များစွာရှိသော်လည်းကလေးတွေကို ကောင်းကောင်းမွန်မွန်နှင့် အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်သွားမည်ဟု ဆိုခဲ့သည်။
Hlaing (Love Feeling) Credit