Skip to content
Home » မြန်မာပြည်ဖွား MMA Fighter နှစ်ယောက် ဆုံကြပြီ အမြဲဂုဏ်ယူလေးစားတယ်…

မြန်မာပြည်ဖွား MMA Fighter နှစ်ယောက် ဆုံကြပြီ အမြဲဂုဏ်ယူလေးစားတယ်…

  • by

မြန်မာ့စပါးအုံးလို့လူသိများတဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံ ဖိုက်တာ အောင်လအန်ဆန်းကတော့ ဘရာဇီးနိုင်ငံသား ဂီလ်ဘာတိုဂါဗာအိုကို ပြတ်ပြတ်သားသား အနိုင်ယူလိုက်ပါတယ်။ ပထမအချီမှာပဲ အောင်လအန်ဆန်းက အနိုင်ယူလိုက်တာပါ။

ဘရာဇီးသား ဂီလ်ဘာတိုဂါဗာအိုဟာ ကိုယ်ခံပညာသိုင်းပေါင်းစုံ တိုက်ခိုက်ရေးလောကရဲ့ဝါရင့် ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ကစားသမားဘဝ ဖြတ်သန်းမှု တစ်လျှောက် ၁၃ ပွဲဆက်တိုက် ရှုံးပွဲမရှိ ထိုးသတ်ပြီး မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့တာပါ။

အစောပိုင်း တာထွက်မှာ ဘရာဇီးဖိုက်တာက ထိုးသတ်မှုတွေ ပိုမိုပြုလုပ်နိုင်ခဲ့ပေမယ့် အောင်လအန်ဆန်းကတော့ ပြိုင်ဘက်ရဲ့ အခြေအနေကို ကြည့်ပြီး အခုလို နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

အောင်လအန်ဆန်းအနေဖြင့် ဒီနေ့ပွဲစဉ်ကို တရုတ်ဖိုက်တာ Fan Rong နဲ့ ..ထိုးသတ်ဖို့ စီစဉ်ထားပေမယ့် ပြိုင်ဘက်ကစားသမားက ကိုဗစ်ပိုး တွေ့ရှိခဲ့လို့ အခုထိုးသတ်လိုက်တဲ့ ဘရာဇီးဖိုက်တာနဲ့ ပြောင်းလဲထိုးသတ်ခဲ့ရတာဖြစ်ပါတယ်။

အောင်လအန်ဆန်းဟာ ဒီနေ့ပွဲကို ထိုးသတ်ဖို့အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ရပြီး ခရစ္စမတ်ကာလ နှစ်သစ်ကူးနေ့တွေတောင် မိသားစုနဲ့ အတူမနေခဲ့ဘဲပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေပြုလုပ်ခဲ့တာပါ။ အစောပိုင်းမှာ ဖွင့်ဟထားတဲ့ သူလိုချင်တဲ့ နိုင်ပွဲကို ဒီနေ့မှာ သက်သေပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အောင်လအန်ဆန်းက မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ပြည်သူတွေအားလုံး အားတင်းထားဖို့လည်း အသိပေးပြောဆိုခဲ့ပါတယ်။

အောင်လအန်ဆန်းရဲ့ ၂၀၂၃ ခုနှစ်၊ ပထမဆုံးယှဥ်ပြိုင်ထိုးသတ်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ နွန်ထဘူရီက IMPACT ARENA မှာ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *