Skip to content
Home » မွေ့ထိုင်းလောကတွင် ထပ်မံထွက်ပေါ်လာခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင်ဖိုက်တာတစ်ဦး

မွေ့ထိုင်းလောကတွင် ထပ်မံထွက်ပေါ်လာခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင်ဖိုက်တာတစ်ဦး

  • by

လတ်‌တလောတွင် မြန်မာ့တိုက်ခိုက်ရေး‌အားကစားလောက သတင်းတွေရဲ့ ခေါင်းကြီးပိုင်းသတင်းများတွင် နေရာယူထားလေ့ရှိသည့် ဖိုက်တာတစ်ဦးရှိနေပါတယ်။

အဆိုပါဖိုက်တာကတော့ မွေ့ထိုင်းလောကမှာ တဟုန်ထိုးနာမည်ကျော်ကြားလာခဲ့သည့် ကယန်းတိုင်းရင်းသူလေး ဘရိုနီခါဘဲ ဖြစ်ပါတယ်။ ဘရိုနီခါသည် ရိုးရာလက်ဝှေ့နှင့် အနောက်တိုင်းဘောက်ဆင်လောကတွေမှာ ကျင်လည်နေခဲ့ပြီး ယခုအချိန်တွင် ထိုင်းနိုင်ငံမှာ နေထိုင်ကာ မွေ့ထိုင်းပွဲတွေထိုးသတ်နေသလို အောင်မြင်မှုတွေလည်း ရရှိနေတာဖြစ်ပါတယ်။

ဘရိုနီခါ ထိုင်းနိုင်ငံသို့ ရောက်ရှိပြီး မွေ့ထိုင်းတွေစထိုးတုန်းကတော့ ပရိသတ်အများစုက သတိမထားမိခဲ့ဘဲ နောက်ပိုင်းနိုင်ပွဲတွေဆက်တိုက် ရရှိလာမှသာ သတိထားမိလာကြတာ ဖြစ်ပါတယ်။

ဘရိုနီခါသည် မွေ့ထိုင်းလောကတွင် နာမည်ကျော်မွေ့ထိုင်း Gym ကလပ်ဖြစ်သည့် ‘ Tiger Muay Thai’ ကလပ်မှာ လေ့ကျင့်ခွင့် ရရှိနေပြီး နာမည်ကျော်မွေ့ထိုင်းအဖွဲ့အစည်းဖြစ်သည့် ‘ Thai Fight’ နှင့်လည်း ၃ နှစ်စာချုပ်ချုပ်ဆိုခွင့် ရရှိထားတာဖြစ်ပါတယ်။

ဘရိုနီခါသည် မကြာသေးမှီကမှ သူမရဲ့ လေးပွဲမြောက် မွေ့ထိုင်းပွဲ ထိုးသတ်ခဲ့တာဖြစ်ပြီး ပထမအချီမှာဘဲ ပြိုင်ဘက်ကို အနိုင်ရရှိခဲ့ပြီး သူမရဲ့ လေးပွဲဆက်နိုင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။

ယခုလို ရှုံးပွဲမရှိသေးဘဲ နိုင်ပွဲဆက်နေတာကြောင့် ဘရိုနီခါကို မြန်မာနိုင်ငံက ပရိသတ်တွေသတိထားလာကြသည့်အပြင် ထိုင်းနိုင်ငံက မွေ့ထိုင်းရုပ်သံသုံးသပ်သူတွေကပါ ချီးကျူးစကား ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘရိုနီခါတစ်ယောက် ယခုထက်ပိုမိုသာလွန်တဲ့ စွမ်း‌ဆောင်ရည်ကောင်းတွေနဲ့ မြန်မာ့ဂုဏ်ကို ဆက်လက်ဆောင်သွားနိုင်မလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *