စင်ကာပူအခြေစိုက် MMA အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ONE Championship သည် ၎င်းတို့အဖွဲ့အစည်းလက်အောက် ပရိသတ်တွေစိတ်ဝင်စားမှုအရှိဆုံး ဝိတ်တန်းတစ်ခုဖြစ်တဲ့ ဟဲဗီးဝိတ်တန်းရဲ့ချန်ပီယံခါးပတ်လုပွဲကြီးကို မကြာခင်မှာ ကျင်းပပြုလုပ်တော့မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာသွားခဲ့ပါသည်။
ONE Championship ဟာ 2023 ခုနှစ် မတ်လ 24 ရက်နေ့တွင် ONE FIGHT NIGHT 8 ဟု အမည်ပေးထားသည့် ပြိုင်ပွဲတစ်ခုကို စင်ကာပူနိုင်ငံ Indoor Stadium ကွင်းကြီးထဲမှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲကြီးရဲ့ အဓိကပွဲစဉ်အဖြစ် အာဂျန်ဘူလာနဲ့ အနာတိုလီ မာလီကင်တို့ကို ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်လုပွဲ တည်ပေးထားခဲ့ပါတယ်။
ဒီပြိုင်ပွဲဟာ ဟဲဗီးဝိတ်တန်းမှာ ချန်ပီယံဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဂျန်ဘူလာအနေဖြင့် ဟဲဗီးဝိတ်တန်းချန်ပီယံကာကွယ်ပွဲအဖြစ် ပထမဆုံးအကြိမ်ယှဉ်ပြိုင်ရမည့်ပွဲလည်းဖြစ်ပါတယ်။
ယခင်အစောပိုင်းမှာလည်း ONE Championship ဟာ ဒီဖိုက်တာနှစ်ဦးကိုဘဲ ချန်ပီယံခါးပတ်လုပွဲတည်ပေးထားခဲ့သော်လည်း ဘူလာဘက်မှ အကြောင်းအမျိုးမျိုးပြကာ ငြင်းဆန်ခဲ့တာကြောင့် မထိုးသတ်ရသေးတာ ဖြစ်ပါတယ်။ဒီတစ်ကြိမ်ကိုတော့ အာဂျန်ဘူလာအနေဖြင့် မဖြစ်မနေ ရင်ဆိုင်ထိုးသတ်ရဖို့ သေချာသလောက်ရှိပါတယ်။
အကြောင်းကတော့ ONE Championship ဟာ အာဂျန်ဘူလာကို ဒီတစ်ကြိမ် ချန်ပီယံကာကွယ်ပွဲထိုးဖို့ ငြင်းဆန်ပါက ချန်ပီယံခါးပတ်ကို ပြန်သိမ်းမည်ဟု ရာဇသံပေးထားသောကြောင့် ဖြစ်ပါတယ်။ လက်ရှိမှာတော့ မာလီကင်ဟာ ရှုံးပွဲမရှိသေးတဲ့ ရိုင်နီယာကို အမှောက်သိပ်ပြီး လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ကို ပူပူနွေးနွေး သိမ်းပိုက်ထားသူ ဖြစ်ပါတယ်။
လက်တလောပြသထားတဲ့ စွမ်းဆောင်ရည်တွေကြောင့်ဘဲ အများစုဟာ အာဂျန်ဘူလာအနေဖြင့် မာလီကင်ကို လုံးဝအနိုင်ယူနိုင်လိမ့်မည် မဟုတ်ဟု သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် ဒီပွဲဟာ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းနေပြီး ဖိုက်တာနှစ်ဦးကြား စကားလုံးတိုက်ပွဲတွေနှင့်အတူ ကြိုးဝိုင်းအတွင်းက စွမ်းဆောင်ရည်တွေကိုလည်း ပရိသတ်တွေအားလုံးက ကြည့်ရှုချင်နေကြပြီ ဖြစ်ပါတယ်။
မြန်မာပရိသတ်တွေရော အာဂျန်ဘူလာနဲ့ အနာတိုလီ မာလီခင်တို့ရဲ့ ချန်ပီယံခါးပတ်လုပွဲမှာ မည်သူက အနိုင်ရရှိသွားလိမ့်မည်ဟု ထင်ပါသလဲ။ ဟဲဗီးဝိတ်တန်းမှာရော ချန်ပီယံသစ်တစ်ဦး ထပ်မံပေါ်ထွက်လာလိမ့်မည် ထင်ပါသလား မိမိတို့ရဲ့ထင်မြင်ယူဆချက်တွေကို ကွန်းမန့်စ်အောက်မှာ လွတ်လပ်စွာဖြင့် ဝင်ရောက်ဆွေးနွေး သုံးသပ်ပေးကြပါဦးခင်ဗျာ။