မြေးဖြစ်သူ ပြောင်းလဲပေးလိုက်သည့် ဆံပင်ကေနှင့် ဆံပင်အရောင်ကို အလွန်သဘောကျသောကြောင့် ပျော်ရွင်စွာကခုန်နေခဲ့ပြီး ပျော်ရွင်မှုတွင် အရွယ်မရှိဘူးဆိုတာကို ပြသခဲ့သည့်အဖွား
သာမန်အားဖြင့် ကမ္ဘာပေါ်မှ လူသားအားလုံးလိုလိုသည် အသက်အရွယ်ကြီးလာသည်နှင့် ပျော်ရွင်မှုဆိုသောအရာများကို မလုပ်ဆောင်တော့ဘဲ ဘဝကို အေး ချမ်းစွာဖြင့် ဖြတ်သန်းသွားရန်သာ ဆန္ဒရှိကြတော့တာဖြစ်ပါတယ်။
သို့သော်လည်း ဘရာဇီးနိုင်ငံမှ အသက်၈၀ အရွယ်အဖွားတစ်ဦးကတော့ ပျော်ရွင်ဖွယ်ကောင်းသော အရာလေးများကို ရှာဖွေနေနိုင်ဆဲဖြစ်ပါတယ်။ အဖွားဟာ မြေးလေးဖြစ်သူကို ဆံပင်ညှပ်ခိုင်းခဲ့ပြီး အရောင်တစ်ခုခုကို ဆံပင်အား ဆေးဆိုးပေးရန် ခိုင်းစေခဲ့တာဖြစ်ပါတယ်။
ထို့နောက်တွင် ပြောင်းလဲထားသော ဆံပင်ပုံစံလေးကို မှန်ထဲတွင် ပြန်မြင်လိုက်ရသောအခါ မိမိကိုယ်ကိုယ်ကျေနပ်မှုရှိသွားခဲ့ပြီး အဖွားဟာ ပျော်ရွင်စွာဖြင့် ကခုန်နေခဲ့ပါတယ်။
အဖွား၏ ပျော်ရွင်နေပုံများကို မြင်တွေ့လိုက်ရသောအခါ လူသားတိုင်းဟာ ပျော်ရွင်စွာနေထိုင်နိုင်ရန် စိတ်ဆန္ဒကသာ အရေးကြီးတယ်ဆိုတဲ့ သင်ခန်းစာကို ရရှိခဲ့ပါတယ်။