အောင်လအန်ဆန်းဟာ စနေနေ့နံနက်ကပြုလုပ်တဲ့ ONE Fight Night 6 ပွဲစဉ်မှာ ဘရာဇီးလ်ဖိုက်တာ ဂယ်ဗာအိုကို ပင့်လက်သီးနဲ့ လဲကျစေသလို
ပြန်ထခိုင်းတော့လည်း အနီးကပ်တံတောင်ရိုက်ချက်ကြောင့် ထပ်မံလဲကျစေခဲ့ပါတယ်။အဲဒီနောက် ဘရာဇီးလ်သားကို အပေါ်ကနေ လက်သီးထိုးချက်တွေနဲ့
အလဲထိုးကာ ပထမအချီမှာတင် ဒိုင်ပွဲရပ်အနိုင်ရခဲ့ပါတယ်ပွဲအပြီးမှာ ONE Championship စီအီးအို ချက်ထရီက အောင်လကို
ဆုကြေးဒေါ်လာ ၅၀၀၀၀ ပေးခဲ့သလို မြန်မာ့စပါးအုံးကလည်း ဒုက္ခပေါင်းစုံ ကြုံတွေ့နေတဲ့ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ ပရိသတ်တွေကို တိုက်တွန်းလိုက်ပါတယ်။