သာမှန်လူတွေဟာ တစ်ရက်ကို ပုံမှန် 8 နာရီခန့် အလုပ်လုပ်ကြရပြီး ခက်ခဲပင်ပန်းမှုတွေကြားက ဝင်ငွေရှာဖွေနေကြရတာပါ။
သို့ပေမဲ့လည်း Montenegro နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကတော့ လဲအိပ်နေရုံနဲ့ ပိုက်ဆံရှာဖွေနိုင်ခဲ့ပါတယ်။ Zarko အမည်ရှိတဲ့ အဆိုပါအမျိုးသားဟာ အကြာဆုံးလဲအိပ်နိုင်တဲ့သူပြိုင်ပွဲမှာ နာရီ 60 ကြာ အိပ်နိုင်ခဲ့တဲ့ စံချိန်နဲ့ ပထမဆုရရှိနိုင်ခဲ့သူပါ။
ဒီနှစ်မှာတော့ အဆိုပါပြိုင်ပွဲကို ယှဉ်ပြိုင်ကြသူ 9 ဦး ရှိခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ စည်းမျဉ်းကတော့ ရိုးရှင်းပြီး စောင်တစ်ထည်နဲ့ သစ်ပင်အောက်မှာ လဲအိပ်နေရုံပါပဲ။ ရုတ်တရက်မိုးရွာချခဲ့ရင်လည်း တဲလေးလာထိုးပေးမဲ့သူ အဆင်သင့်ရှိတာမို့ အဆင်ပြေပါတယ်။
ပြိုင်ပွဲဟာ လွယ်ကူလွန်းတယ်လို့ ထင်မြင်နိုင်ပေမဲ့ အချိန်တော်ကြာလဲလျောင်းရင် ကြွက်သားကိုက်ခဲတာ ၊ ထုံကျင်တာမျိုး ဖြစ်တတ်လို့ မလွယ်ကူလှပါဘူး။ ပြိုင်ပွဲဝင်တွေအနေနဲ့ ပြိုင်ပွဲဝင်နေစဉ် အပျင်းပြေ ဖုန်း ၊ နားကြပ် နဲ့ စာအုပ်တွေ ယူဆောင်လာခွင့်ရှိကြောင်းလည်း သိရပါတယ်။
ပြိုင်ပွဲပထမနေ့မှာတင် ပြိုင်ပွဲဝင် 7 ဦးဟာ လက်လျှော့သွားခဲ့ပြီး 2 ဦးသာ ကျန်ရစ်ခဲ့ပါတယ်။ ကျန်တစ်ဦးကလည်း ပွဲတစ်ဝက်မှာတင် လက်လျှော့သွားခဲ့လို့ Zarko ဟာ နာရီပေါင်း 60 ကြာ လဲလျောင်းခဲ့မှုနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဆုကြေးငွေအနေနဲ့ 350 USD ရရှိခဲ့တဲ့အပြင် စားသောက်ဆိုင် 2 ဆိုင်မှာလည်း အခမဲ့ စားသောက်ခွင့်ရရှိသွားခဲ့ပါတယ်။
သို့ပေမဲ့လည်း Zarko ရဲ့ ကြိုးစားအားထုတ်မှုဟာ အရင်နှစ်ချန်ပီယံနဲ့ အတော်လေး အလှမ်းဝေးနေပါသေးတယ်။ အကြောင်းကတော့ အရင်နှစ်ချန်ပီယံရဲ့ စံချိန်မှာ 117 နာရီ ကြာမြင့်သွားခဲ့လို့ပါပဲ။
Credit Jasmine ( Everonline )