မိန်းကလေးတွေ အတော်များများက ဆိုင်ကယ်ကျွမ်းကျင်စွာ စပြီးမောင်းနိုင်ပြီဆိုရင် သူတို့ရဲ့မိသားစုဝင်တွေထက် ၊ သူငယ်ချင်းကို ဆိုင်ကယ်ပေါ်အရင်ခေါ်တင်ပြီး အလည်ထွက်တတ်ကြပါတယ်။
အဲ့လိုအချိန်တွေမှာဆိုရင် မိသားစုဝင်တွေထက် သူငယ်ချင်းတွေက ကိုယ့်ကိုပိုပြီးယုံကြည်ကြလို့ပါပဲ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်အဖြစ်အပျက်ကတော့ အတော်လေးဆိုးတယ်လို့ပြောရမှာပါ။
သူငယ်ချင်းကိုဆိုင်ကယ်ပေါ်တင်ပြီး ဆိုင်ကယ်မောင်းနှင်လာတဲ့မိန်းကလေးဟာ ရုတ်တရက်အချိန်မထိန်းနိုင်ဘဲ လမ်းဘေးပွတ်အိုင်ထဲ ဆိုင်ကယ်တစ်စီးလုံးထိုးကျသွားခဲ့လို့ သူငယ်ချင်းနှစ်ယောက်လုံး လူရုပ်မပေါ်တော့လောက်အောင် စုတ်ပြတ်ပေလူးသွားခဲ့ကြပါတယ်။
သို့ပေမဲ့လည်း သူငယ်ချင်းဖြစ်သူက စိတ်ဆိုးဒေါသထွက်ရမဲ့အစား ၎င်းတို့ရဲ့အဖြစ်ကိုကြည့်ပြီး စိတ်မထိန်းနိုင်ဘဲ အားရပါးရ ရယ်မောနေခဲ့ပါတော့တယ်။ ၎င်းတို့ကို လမ်းသွားလမ်းလာတွေက ကူညီပြီး ပွတ်အိုင်ထဲက ဆိုင်ကယ်ကိုပြန်ဆွဲထုတ်ပေးခဲ့ကြရပါတယ်။
အဆိုပါ မိန်းကလေးတွေအတွက်ကတော့ ဘဝမှာမမေ့နိုင်တော့တဲ့ အမှတ်တရလို့ ပြောရမှာပါပဲလေ။
Credit Mia (Mckzone Daily)