Skip to content
Home » ပရိသတ်ကြီးများ မျှော်လင့်စောင့်စားနေတဲ့ အောင်လ နဲ့ ရိုင်နီယာတို့ရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံလုပွဲကြီး …..

ပရိသတ်ကြီးများ မျှော်လင့်စောင့်စားနေတဲ့ အောင်လ နဲ့ ရိုင်နီယာတို့ရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံလုပွဲကြီး …..

  • by

ပရိသတ်ကြီးများ မျှော်လင့်စောင့်စားနေတဲ့ အောင်လ နဲ့ ရိုင်နီယာတို့ရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံလုပွဲကြီးကတော့ ဖြစ်ရန် ရာနှုန်းများနေပါပြီ။

အရပ်အားဖြင့် 6′ 4″ အမြင့်ရှိတဲ့ နယ်သာလန်သားကြီး ရိုင်နီယာကတော့ ယမန်လကတင် MMA အကျော်အမော်ကြီး မာလီခင်ကို ရှုံးနိမ့်ကာ Light heavy weight ချန်ပီယံခါးပတ်ကို စွန့်လွှတ်ထားရပါတယ်…

ရိုင်နီယာကတော့ Pro ဘဝမှာ 17 ပွဲကစား 1 ပွဲသာရှုံးနိမ့်ထားပြီး 16 ပွဲနိုင် ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်.. လက်ရှိအနေအထားမှာလည်း One Middle Weight တန်း ချန်ပီယံတစ်ဦးဖြစ်ပါတယ် …

Ground အပိုင်းမှာ ပြီးပြည့်စုံတဲ့ ကစားသမားလို့ ဆိုနိုင်သော်ငြား ရိုးအီနေပြီဖြစ်တဲ့ သူ့ရဲ့ကစားကွက်က Stand ရော Ground အပိုင်းကိုပါ ပိုင်နိုင်စွာ ဆော့ကစားနိုင်သူ မာလီခင်လို ပညာရှင်နဲ့တွေ့တော့ နားကားတော့တာပါပဲ

Ground အပိုင်းကိုသာ အသားပေးကစားနိုင်တဲ့ ရိုင်နီယာရဲ့ Stand အပိုင်း အားနည်းချက်ကို MMA ကစားသမားတွေအကြား ထင်သာမြင်သာ ရှိစေရန် မာလီခင်မှ လှစ်ဟပြသခဲ့ပါတယ်…

မာလီခင်ရဲ့ ထိုးသတ်ပုံ နဲ့ ပြိုင်ဘက်ကစားသမားရဲ့ Grappling hook တိုက်ကွက်တွေအပေါ် စနစ်တကျ Defend လုပ်သွားပုံတွေကို အောင်လအနေနဲ့ အတုယူထိုးသတ်နိုင်ရန်အတွက် အတော်လေးကို လုံလောက်လှပါတယ်…

အရပ်အားဖြင့် 6′ 1″ နဲ့ အသက် 37 နှစ်အရွယ် မြန်မာ့သွေး ကချင်သားကြီးရဲ့ ပါဝါလက်သီး ၊ ပါဝါကန်ချက် High Kick နဲ့ အောက်သိမ်းကန်ချက်တွေကလည်း ယနေ့တိုင် ပြင်းအားပါဝါ မလျော့ပါးသေးဘူးဆိုတာ သူ့ရဲ့ ထိုးသတ်ပွဲတွေက သက်သေပြနေလျှက်ပါ

Ground အပိုင်းမှာ အားနည်းခဲ့တဲ့အတွက် မဆုံးရှုံးထိုက်ပဲ ဆုံးရှုံးခဲ့ရတဲ့ ချန်ပီယံခါးပတ်နှစ်ခုအတွက် ကျွန်တော်တို့ မြန်မာပရိသတ်တွေအနေနဲ့ အတော်လေး ယူကျုံးမရဖြစ်ခဲ့ရပါတယ်….

အရည်အချင်းပြည့်ဝစွာရှိနေပါလျှက် Grappling အပိုင်းမှာ လေ့ကျင့်မှု အားနည်းခဲ့ရတဲ့ သူ့ရဲ့ဟာကွက်တွေနဲ့ပတ်သက်ပြီး အောင်လအနေနဲ့ ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ခဲ့တယ်ဆိုတာ ဂျပန်ကြီး အိုကာမီ နဲ့ ဘရာဇီးသားကြီး ဂါဘောင်တို့ရဲ့ Ground and Grappling တိုက်ခိုက်မှုတွေအပေါ် လှပစွာ Defended လုပ် ကာကွယ်ခဲ့ခြင်းနဲ့အတူ တစ်ဆက်တည်းမှာပဲ လျှက်ပြက်သကဲ့သို့ တိုက်စစ်ဖွင့် ထိုးသတ်ခဲ့ပုံက မလေးစားပဲ မနေနိုင်လောက်အောင် သေသပ်လှပလွန်းခဲ့ပါတယ်….

ကဲ့… ဆိုတော့ကာ ပကတိ အန္တိမအခြေအနေမှာ ထိုမောင်နှစ်ဦးရဲ့ကစားဟန်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ Mentally အပိုင်းတွေကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရမယ်ဆိုရင် ငါစွဲမာနတွေ ကျွတ်ထွက်ခဲ့ရပြီး အားရပါးရအနှက်ခံလိုက်ရတဲ့ ရိုင်နီယာရဲ့ အားနည်းချက်တွေအပေါ် ပြုပြင်ပြောင်းလဲမှုတွေနဲ့ အတူ တစ်ကျော့ပြန်လာနေပြီဖြစ်တဲ့ အောင်လ အနေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ်နိုင်မယ်လို့ ထင်မြင်သုံးသပ်မိပါတယ်…

မာလီခင်နဲ့ ထိုးသတ်ခဲ့တဲ့ ပွဲက အောင်လအတွက် အကောင်းဆုံး စံနမူနာယူထိုက်တဲ့ ပွဲကောင်းလေးတစ်ပွဲပါပဲ… Ground ပိုင်း အားသာသူကို Stand ပိုင်းကစားနေစဥ်အခိုက်မှာပဲ အသက်ရှုချိန်တောင်မပေးပဲ လျှင်မြန်စွာ တိုက်စစ်ဖွင့်ထိုးသတ်ခဲ့ပါတယ်..

နာကျင် အားလျော့သွားပြီဖြစ်တဲ့ ရိုင်နီယာရဲ့ နပန်းကိုလည်း အားစိုက်စရာမလိုတဲ့ တော်တန်ရုံ Defend သာလုပ်ပြီး ခြေပြေးစွဲရန် ခေါင်းငုံ့လာတဲ့ ရိုင်နီယာကို လျင်မြန်သွက်လက်တဲ့ ပင့်လက်သီးတွေကိုသာ လှိုင်လှိုင်သုံးပြီး ဆုံးမတော်မူခဲ့ပါတယ် …

ယမန်နေ့ကပွဲမှာလည်း ဂါဘောင်ရဲ့ Grappling နပန်းလုံးရန် ခါးကိုအကိုင်း အောင်လရဲ့ ပင့်လက်သီးတစ်လုံးက ဂါဘောင်ကို ဘုန်းဘုန်းလဲစေခဲ့တယ်ဆိုတာကို အထူးပဲသတိထားမိခဲ့ပါတယ်..

အောင်လအနေနဲ့လည်း ရိုင်နီယာနဲ့ပွဲရောက်ခဲ့ရင်လည်း ထိုအချက်ကိုပဲ ယခု့ထက်မက လျင်မြန်စွာ ပိုမိုသွက်လက်ရန် အလေးထားလေ့ကျင့်စေချင်ပါတယ်….

Stand အပိုင်းနဲ့ Power အပိုင်းမှာတော့ ရိုင်နီယာအနေနဲ့ အောင်လကို မည်သို့မျှ မယှဉ်နိုင်တာကတော့ ခန့်မှန်းစရာမလိုလောက်အောင် သေချာလှပါတယ်… Ground အပိုင်းကိုသာ ယခုအတိုင်း ကြိုးစားလေ့ကျင့်နေသကဲ့သို့ သေချာကျနစွာ အားဖြည့် ကြိုးစားခဲ့မယ်ဆိုရင် သေချာပါတယ် မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပါတ်ကြီးဟာ ပိုင်ရှင်အဟောင်း မြန်မာ့သွေး ကချင်သားကြီးထံကိုသာ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို ရောက်လာမှာ ဧကန်မလွဲပါပဲဗျာ

Credit Ko Tharr Gyi

Leave a Reply

Your email address will not be published. Required fields are marked *