မြန်မာလူမျိုးတွေဟာ အလှူအတန်းနှင့်ပတ်သက်လာလျှင် ဘယ်တုန်းကမှ လက်မနှေးခဲ့ဘူးဆိုတာ အားလုံးအသိပါ။ဒါကြောင့်လည်း မြန်မာရယ်လို့ ထင်ထင်ရှား ရှား ဝံ့ကြွားနေနိုင်တာဖြစ်ပါတယ်။
သဒ္ဒါတရားအင်မတန်ထက်သန်တဲ့သူများဆိုရင် ကိုယ့်အတွက်တောင်မချန်ပဲ ရက်ရက်ရောရောလှူဒါန်းတတ်ကြတဲ့သူများလည်း များ စွာ ရှိနေတယ်ဆိုတာ အားလုံးသိကြမှာပါ။အခုတစ်ခါမှာတော့ ရှားမှရှားတဲ့ စိတ်ထားနဲ့ လှူဒါန်းခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ယောက်အကြောင်းပြောပြချင်ပါတယ်။
ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာဘက်က စစ်ဘေးရှောင် ဒေါ်ဖေ့သည် တစ်သက်သာ ရှာဖွေပြီး စုစောင်းဝယ်ထားတဲ့လက်ဝတ်ရတနာနဲ့တူ/တူမ တွေလက်ဆောင်ပေးထားတဲ့ လက်ဝတ်ရတနာ အားလုံး ကို လှူဒါန်းခဲ့ပါတယ်။
မိမိနေထိုင်တဲ့ ရွာဦးကျောင်းက ဘုန်းကြီးကျောင်း စေတီဓမ္မာရုံ ပြုပြင်ဖို့အတွက် ကျောင်းထိုင်ဆရာတော်နှစ်သစ်အလှူဖြင့် လှူဒါန်းလိုက်တယ်ဟုသိရပါတယ်။
ဒေါ် ဖေ့ရဲ့ နှစ်သစ်နှစ်ဦးအလှူလို့လည်း ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုသဒ် ဒါတရားထက် သန်းပြီး လှူဒါန်းမှုတွေပြုခဲ့တဲ့ ဒေါ်ဖေ့အတွက် သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေး လိုက် ပါ တယ်နော်။