Skip to content
Home » အောင်လရဲ့တကျော့ပြန် ချန်ပီယံခရီးအတွက် အဆုံးအဖြတ်ပွဲတစ်ပွဲ ဖြစ်လာနိုင်မလား

အောင်လရဲ့တကျော့ပြန် ချန်ပီယံခရီးအတွက် အဆုံးအဖြတ်ပွဲတစ်ပွဲ ဖြစ်လာနိုင်မလား

  • by

အောင်လအန်ဆန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဂျပန်ဝါရင့်ဖိုက်တာကြီး ယူရှင်အိုကာမီကို အလဲထိုးဖြင့် အနိုင်ယူပြီးနောက်ပိုင်း အားလပ်ရက်အနည်းငယ်ယူပြီး

နောက်ပွဲအတွက် သူ့ရဲ့လေ့ကျင့်မှုတွေကို ပြန်လည်စတင်ခဲ့တဲ့အကြောင်းကို ဆိုရှယ်မီဒီယာမှတစ်ဆင့် ပရိသတ်တွေကို အသိပေး ပြောကြားလာခဲ့ပါတယ်။

ယခုအခါမှာတော့ ONE Championship ဟာ အောင်လအန်ဆန်းကို ဇန်နဝါရီလ 14 ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ONE on Prime Video 6 ပြိုင်ပွဲမှာတော့ တရုတ်ဖိုက်တာ ဖန်ဝေါင်းနှင့်ပွဲတည်ပေးထားခဲ့ပါတယ်။

အခုပွဲက အောင်လအန်ဆန်းအတွက် ‌တကျော့ပြန်ချန်ပီယံပြန်ဖြစ်ရေးမှာ အရေးပါတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။

မစ်ဒယ်ဝိတ်တန်းရဲ့ချန်ပီယံခါးပတ်ပိုင်ရှင် ရိုင်နီယာ ဒီရိုက်ဒါဟာ အနာတိုလီ မာလီခင်နှင့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ကြီးမားတဲ့ထိခိုက်မှုတွေရှိခဲ့တာကြောင့် အဆိုပါဒဏ်ရာများပျောက်ကင်းဖို့ အချိန်အတော်ကြာ ကုစားရဦးမှာဖြစ်ပါတယ်။

ဒါကြောင့် အောင်လအန်ဆန်းအနေဖြင့် ဖန်ဝေါင်းနဲ့ပွဲမှာသာ အနိုင်ရရှိမည်ဆိုပါက နောက်တစ်ပွဲအတွက် ပြင်ဆင်ချိန်အများကြီး ရရှိသွာမည်ဖြစ်ပြီး တကျော့ပြန်ချန်ပီယံခရီးမှာ အတားအဆီးတွေ မရှိသလောက် ဖြစ်သွားပါလိမ့်မယ်။

ONE Championship ကလည်း ၎င်းတို့ရဲ့နှစ်ထပ်ကွမ်းချန်ပီယံဟောင်းကို ONE စင်မြင့်ထက်မှာ ပြန်လည်တောက်ပစေလိုတဲ့ ဆန္ဒရှိကြောင်း ချက်ထရီကိုယ်တိုင် အရိပ်အမြွက်ပြောကြားခဲ့ဖူးပါတယ်။

ပရိသတ်ကြီးတို့ရော တစ်ချိန်က နှစ်ထပ်ကွမ်းချန်ပီယံကြီး အောင်လအန်ဆန်းကို မစ်ဒယ်ဝိတ်တန်းမှာ ပြန်လည်မင်းမူစေချင်ပါသလား။

တရုတ်ဖိုက်တာ ဖန်ဝေါင်းကို အနိုင်ယူပြီးရင်ရော ONE Championship က ရိုင်နီယာကို တိုက်ရိုက်စိန်ခေါ်ခွင့် ပေးသွားမလားဆိုတာ မိမိတို့ထင်မြင်ချက်တွေကို ကွန်းမန့်ဘောက်စ်မှာ လွတ်လပ်စွာဖြင့် ဝင်ရောက်ဆွေးနွေး သုံးသပ်ပေးကြပါဦးခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *