Skip to content
Home » ကံကောင်းခြင်းတွေယူဆောင်လာအောင် မျက်ခုံးပုံစံကိုပြောင်းလဲခဲ့ပေမဲ့ ဒုက္ခရောက်ခဲ့ရတဲ့ အမျိုးသား

ကံကောင်းခြင်းတွေယူဆောင်လာအောင် မျက်ခုံးပုံစံကိုပြောင်းလဲခဲ့ပေမဲ့ ဒုက္ခရောက်ခဲ့ရတဲ့ အမျိုးသား

  • by

ရုပ်ရည်ကို လှပကြည့်ကောင်းအောင် ပြောင်းလဲပစ်လိုက်ဖို့ဆိုရင် အလွယ်ကူဆုံးကတော့ မျက်ခုံးပုံစံကို ပြုပြင်ပြောင်းလဲပစ်လိုက်တာပါပဲ။ သို့ပေမဲ့လည်း အချို့ကတော့ ပိုကြည့်ကောင်းသွားသလို အချို့ကျတော့လည်း ကံဆိုးပြီး အရင်ကရုပ်ထက် ရုပ်ဆိုးသွားတဲ့အဖြစ်မျိုးနဲ့ ကြုံတွေ့ရတတ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း အမျိုးသားတစ်ဦးဟာ ကံကောင်းခြင်းတွေသာတွေ့ဆုံရအောင် သူ့ရဲ့မျက်ခုံးပုံစံကို ပြောင်းလဲပစ်ဖို့ အလှပြုပြင်ဆိုင်ရှိ မျက်ခုံးတက်တူထိုးတဲ့ ဆရာကို အကူအညီတောင်းခဲ့ပါတယ်။

သူလိုချင်တဲ့ပုံစံကတော့ ‘ မျက်ခုံးက ကြီးပြီး အားကောင်းတဲ့ပုံစံဖြစ်ရပါမယ် ၊သူ့ရဲ့အမြီးကတော့ ကော့ပြီးပျံနေသလိုဖြစ်ရပြီး အရမ်းမကွေးရပါဘူး ၊ ဒါပေမဲ့ သဘာဝကျတဲ့ပုံစံလေးလည်း ဖြစ်ရပါမယ်’ ဆိုပြီး တောင်းဆိုခဲ့တာပါ။

သို့ပေမဲ့လည်း တက်တူးဆရာက မျက်ခုံးပုံစံတက်တူးထိုးပြီးချိန်မှာတော့ ‘ ဒါ သူလိုချင်တဲ့ပုံစံပဲ ၊ သူမြင်ရင် ပျော်မလား ၊ ဝမ်းနည်းနေမလား မသိတော့ပါဘူး ‘ ဆိုပြီးပြောဆိုခဲ့ပါတယ်။ မျက်ခုံးပုံစံကတော့ ဆိုင်ရှင် နဲ့ ဧည့်သည့် ပြသာနာဖြစ်စေနိုင်တဲ့ပုံစံမျိုးပါ။

အဆိုပါအဖြစ်ဟာ online ပေါ်မှာ ပျံ့နှံ့သွားပြီး တက်တူးထိုးခဲ့တဲ့အမျိုးသားကတော့ သူ့ရဲ့တစ်ဘဝလုံး စိတ်ဝေဒနာခံစားသွားရတော့မှာပဲ ဆိုပြီး မှတ်ချက်ပေးရေးသားခဲ့သူတွေ အများအပြားရှိကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *