မြန်မာပရိသတ်တွေအပြင် တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ အားပေးခြင်းကို အခိုင်အမာရရှိနေသည့် ကချင်သားကြီး အောင်လအန်ဆန်းဟာ နောက်ပွဲထိုးဖို့အတွက် စာချုပ်သစ်မှာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်က ပရိသတ်တွေထံ တရားဝင် အသိပေးပြောကြားသွားခဲ့ပါတယ်။
အောင်လဟာ လက်တလောမှာ နောက်ဆုံး ၂ ပွဲဆက်တိုက်ကို အနိုင်ရရှိထားပါတယ်။ ထူးထူးခြားခြားဘဲ အဆိုပါနှစ်ပွဲစလုံးကို ပထမအချီမှာဘဲ အလဲထိုးဖြင့် အနိုင်ရရှိထားပါတယ်။
ဒါကြောင့် ပရိသတ်တွေက အောင်လရဲ့တကျော့ပြန် ချန်ပီယံဖြစ်လာနိုင်မည့် အခြေအနေအပေါ် စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
အောင်လအန်ဆန်းဟာ စာချုပ်သစ်ချုပ်ဆိုပြီးနောက် ONE Championship နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတွင် နောက်ပွဲအတွက် စာချုပ်သစ်ချုပ်ဆိုပြီးတာကြောင့် နောက်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုတွေကို ပြုလုပ်နေပြီဖြစ်ကြောင်းနှင့် ချန်ပီယံခါးပတ်လုဖို့ အဆင်သင့်ဖြစ်နေကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါသည်။
ဒီအကြောင်းကို အောင်လက – ” ကျွန်တော် နောက်ပွဲအတွက် စာချုပ်ချုပ်ဆိုလိုက်ပါပြီ။ ပရိသတ်တွေနဲ့ မကြာခင်မှာ ပြန်ဆုံတွေ့ကြတာပေါ့။ ဒီ 2023 ခုနှစ်အတွင်းမှာ ကျွန်တော်ဖြစ်ချင်နေတဲ့ အိမ်မက်တစ်ခုကို ပြည့်သွားအောင် ကြိုးစားမှာပါ။
နောက်ပွဲအတွက် ကျွန်တော်က အဆင်သင့်ဖြစ်နေပါပြီ။ “” ပြိုင်ဘက်က ဘယ်သူလဲဆိုတာ ကျွန်တော်လည်း မသိသေးပါဘူး။ ကျွန်တော်သိရရင် အားလုံးကို ကြေညာပေးမှာပါ။ ပြိုင်ဘက်က ဘယ်သူဖြစ်ဖြစ် ကျွန်တော်က ဂရုစိုက်နေမှာမဟုတ်ပါဘူး။
ကျွန်တော်လိုချင်တာက နိုင်ပွဲပါ။ ဘယ်ဖိုက်တာကိုမဆို အနိုင်ယူပြဖို့ အဆင်သင့်ပါပဲ။ ” ဟု ထုတ်ဖော်ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။